ကျွန်ုပ်တို့သည် ရောဂါရှာဖွေသော အကြားအာရုံစစ်ဆေးမှုများနှင့် ကျယ်ပြန့်သော အကြားအာရုံများကို ပံ့ပိုးပေးနေသည့်အပြင် အရည်အသွေးကောင်းမွန်သော နားကြားကိရိယာများကိုလည်း စနစ်တကျစမ်းသပ်တပ်ဆင်ပေးနေသာ စောင့်ရှောက်ရေးစင်တာဖြစ်သည်။ တိုင်ပင်ဆွေးနွေးခြင်းမှသည် အဆင့်မြင့်ကုသနည်းများအထိ ကျွန်ုပ်တို့သည် တိကျသောရောဂါရှာဖွေမှုများနှင့် စိတ်ကြိုက်ပြင်ဆင်ထားသော အကြံပြုချက်များကို သေချာစေကာ သင်၏နှစ်သိမ့်မှုနှင့် ကျန်းမာရေးကို ဦးစားပေးပါသည်။ အဆင်ပြေမှုနှင့် ကျွမ်းကျင်မှုတို့ ပေါင်းစပ်ကာ ချောမွေ့သော အတွေ့အကြုံကို ရရှိစေမည့် ကျွန်ုပ်တို့၏ အသုံးပြုသူများအနေနဲ့ ပိုမိုကောင်းမွန်သော အကြားအာရုံရရှိစေဖို့ ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ။
မွေးကင်းစမှ အသက်၂နှစ်အောက်ကလေးများ နားစမ်းသပ်ခြင်းကို ဆေးရုံကြီးများနဲ့လက်တွဲပြီး ချိတ်ဆက် လုပ်ဆောင်နေသလို Center မှာလည်း ကိုယ်တိုင်ကိုယ်ကျ ကလေးနှင့်အတူလာရောက်စမ်းသပ်နိုင်တဲ့အပြင် စကားပြောနောက်ကျသော ကလေးများ (အသက် ၅နှစ်အောက်) စကားမပီသော ကလေးများ အတွက်လည်း လိုအပ်သော အကြားအာရုံစစ်ဆေးမှုများ ပြုလုပ်နိုင်ပြီး ကျွမ်းကျင်ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
အကြားအာရုံစမ်းသပ်ဖို့အတွက် သီးသန့် အသံလုံနားစမ်းသပ်ခန်းများ နိုင်ငံတကာအဆင့်မှီ စက်အသစ်ကြီးများနဲ့ နားကြားနှုန်းအတိအကျ စမ်းသပ်ပေးနေပါပြီ။
အသက်အရွယ်ကြီးရင့်သူများ ဆေးရုံဆေးခန်းတတ်ရောက်နေပြီး Center သို့ လာရောက်ဖို့အခက်အခဲ ရှိသူများအတွက်လည်း ကျွမ်းကျင်ပညာရှင်များမှ အသံလုံခန်းမလိုသော စက်ကြီးများဖြင့် Home Service / Hospital Service အိမ်တိုင်ရာရောက် လာရောက်စမ်းသပ်ပေးပြီး လိုအပ်ပါက နားကြားကိရိယာများစမ်းသပ်တပ်ဆင်ကြည့်နိုင်ပါတယ်။
နားကြားကိရိယာများ အစုံအလင်ရွေးချယ်ဝယ်ယူနိုင်သလို နားကြားကိရိယာ နှင့် ဆက်စပ်ပစ္စည်းများကိုလည်း ရွေးချယ်ဝယ်ယူနိုငိပါတယ်။
09-420 984 948
စနစ်တကျစမ်းသပ်မှုတွေပြုလုပ်ပေးတဲ့အပြင် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးစွမ်းတဲ့အတွက် ကျေးဇူးတင်ပါသည်။
EarPro believes that people of all ethnics ,religions , colors and genders should have the same basic right to obtain knowledge and treatment of their own hearing health to the highest standard as possible. As EarPro is the leading professional hearing health center in Myanmar, we dedicate to keep update with latest technology, trends, knowledge and service from International Audiology society and serve to you or your loved ones with patience, passion and precise manners.
EarPro prioritizes our customer’s rights to achieve highest standard of hearing care and services We’re here to support you throughout your hearing health journey, every step of the way. Hearing loss is a common and serious disability affecting some 466 million people of all ages worldwide, resulting in social isolation, loss of work opportunities, and impaired relationships
2023 Copyright © Ear Pro Myanmar